တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်များအရ လုပ်ငန်းစဉ်များ

တောလှေဆိပ်ကွန်ကရစ်ဆိပ်ခံတံတားတည်ဆောက်ခြင်းလုပ်ငန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုအရ ၂၀၁၇-၁၈ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်ကွက်အရှေ့ဖက် မြိတ်မြစ်အကြား ကမ်းနားမြေပေါ်တွင် တနင်္သာရီမြစ်အ တွင်းမှကျေးရွာ(၁၀)ရွာ၊ ပင်လယ်ပိုင်းကျေးရွာ(၃)ရွာ၊ ကျွန်းစုမြို့နယ်မှကျေးရွာ(၁၀)ရွာ၊ စုစုပေါင်း(၂၃)ရွာတို့မှ ခရီးသည် နှင့် ကုန်သည်တင်လှေငယ်များဆို်က်ကပ်အသုံးပြုနိုင်ရန်အတွက် ဆိပ်ခံ(၁၂၀×၃၆)ပေ၊ ချဉ်းကပ်လမ်း (၄၀၈x၁၂)ပေရှိ သံကူကွန်ကရစ်ဆိပ်ခံတံတား(၁)စင်းကို တည်ဆောက်ပေးခဲ့ပြီးတနင်္သာရီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။