ရေနန်းသူဇာရောင်းဝယ်ရေးကုမ္ပ္ပ္ပဏီလီမိတက် ရေခဲစက်ရုံလုပ်ငန်းကို (၉.၉.၂၀၀၀)ရက်နေ့တွင် မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်သွင်းခဲ့ပြီး စက်မှုမှတ်ပုံတင်အမှတ်၊ ပုဂ္ဂလိကစက်မှုလုပ်ငန် းမှတ်ပုံတင်လက်မှတ်၊ တန/ကြီး/၇၈ ဖြင့် တနေ့တန်(၂၀၀)ကျ ရေခဲစက်ရုံလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်စက်မှုဇုန်၌ စတင်လည်ပတ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းငါးဖမ်းစက်လှေများနှင့် အအေးခန်းများသို့ ရေခဲဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါသည်။ တစ်နေ့ထုတ်လုပ်နိုင်မှု တန် ( ၁၆၀ )ကို နေ့စဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်နှင့် တစ်ဆက်တည်းတည်ရှိသော ဆိပ်ကမ်းနယ်နိမိတ်အတွင်း ကျရောက်လျက်ရှိသည့် တနင်္သာရီမြစ်ကမ်းနဖူးတွင် BOTစနစ်ဖြင့် ကွန်ကရစ်ဆိပ်ခံတံတားတစ်စင်းတည်ဆောက်ပြီး ရေနန်းသူဇာ(အေးစန္ဒာ)ရေခဲစက်ရုံ ရေခဲချတံတားအဖြစ် အသုံးပြုလျက်ရှိပါသည်။