ရေနန်းသူဇာဘိလပ်မြေအသင့်ဖျော်စက်ရုံလုပ်ငန်းနှင့် ကွန်ကရစ်ပိုင်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကို တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနတွင် (၂၀.၂.၂၀၁၈)ရက်နေ့့၌ မှတ်ပုံတင်သွင်း၍ စက်မှုမှတ်ပုံတင်အမှတ် ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံ တင်လက််မှတ် တန/ကြီး/၃၀၂ ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို ့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ လွတ်လွတ် ကျေးရွာ တွင် ရင်းနှီးမြုပ်နှံမှုတန်ဖိုးငွေကျပ်( ၁၁၀၃.၃၂ )သန်းဖြင့် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ကွန်ကရစ်ပိုင်တိုင်းအမျိုးအစား (၅)မျိုးကို အဓိကထားထုတ်လုပ်ပြီး ခြံစည်းရိုးတိုင်၊ လမ်းတံတားနှင့် အဆောက်အဦးအတွက် Customer များမှာယူလိုသည့် ပုံစံအတိုင်းလည်း ထုတ်လုပ်ရောင်းချပေးလျက်ရှိပါသည်။