တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဆိပ်ကမ်းနယ်နိမိတ််အတွင်းရှိ အင်းလေးမြိုင်စက်မှုဇုန်နယ် အားကျောထောက်နောက်ခံပြု၍ အေးစန္ဒာ(ရေနန်းသူဇာ)တံတားအနီးတွင် ထူးထူးတိုးအပြည်ပြည်ဆိုင်ရာ ကုမ္ပ္ပ္ပဏီလီမိတက်မှ ရေလုပ်ငန်းသုံးရေယာဉ်များ၊ အထွေထွေကုန်စည်ပစ္စည်းများ တင်/ချရေယာဉ်များ ဆိုက်ကပ်အသုံးပြုနိုင်ရန်အတွက် သံကူကွန်ကရစ်ဆိပ်ခံတံတား(၁)စင်းကို ဆောက်လုပ်အသုံးပြုလျက်ရှိပါသည်။
ထိုင်းနိုင်ငံမှ SCGတံဆိပ်ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းများကို တင်သွင်းပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် မြို ့နှင့့်ထားဝယ်မြို ့များတွင် ကို်ယ်စာလှယ်အဖြစ်ဖြန့်ဖြူးရောင်းချပါသည်။ ထို့ပြင်တိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့်ဆောင်ရွက်သော လမ်း၊ တံတား၊ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းများအတွက် ဘိလပ်မြေတင်ဒါ (လေလံ)စနစ်ဖြင့်လည်း ဘိလပ်မြေများကို သတ်မှတ်ကာလအတွင်း စာချုပ်ချုပ်ဆို၍ သက်ဆိုင်ရာဆောက်လုပ်ရေးအဖွဲ့ များသို့ တင်သွင်းရောင်းချပေးပါသည်။
ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ကမ်းနားလမ်း၊ ထားဝယ် စုရပ်၊ မြိတ်မြို ့။ ဘိလပ်မြေနှင့်အိ်မ်ဆောက်ပစ္စည်းအရောင်းဆိုင်/သိုလှောင်ရုံ၊ ဘီအိုစီလမ်း၊ အင်းလေးမြိုင်စက်မှုဇုန်၊ မြိတ်တောင်ကျေးရွာ၊ မြိတ်မြို့ ။ ဘိလပ်မြေကုန်တင်/ချသံကူကွန်ကရစ်ဆိပ်ခံတံတား၊ အင်းလေးမြိုင်စက်မှုဇုန်၊ မြိတ်မြို ့။
YNTZ ကားအရောင်းပြခန်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ စက်တင်ဘာလမှစ၍ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗောဓိရိပ်သာလမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ Japan ၊ USA ၊ Germany ၊ UAE မှ ကားကောင်းကားသန့်များကို တင်သွင်းရောင်းချလျက်ရှိပါသည်။ ဝယ်ယူသူ customer များအဆင်ပြေချောမွေ့မှုစေရန် hire purchase စနစ်ဖြင့်လည်း ရောင်းချပေးလျက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ခံတံတားအနီးရှိ ဆိပ်ကမ်းအာဏာပိုင် မြေကို ကျောထောက်နောက်ခံပြု၍ ရေနန်းသူဇာရောင်းဝယ်ရေး ကုမ္ပ္ပ္ပဏီလီမိတက်မှ ဘိလပ်မြေတင် ရေယာဉ်(Barge)ဆိုက်ကပ်ပြီး ဘိလပ်မြေတင်/ချအသုံးပြုနိုင်ရန်နှင့် ဘိိလပ်မြေဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကွန်ကရစ်ဆိပ်ခံတံတား(၁)လက်နှင့် နောက်ခံမြေနေရာတွင် သိုလှောင်ရုံ (၁)လုံးကို ဆောက်လုပ်အသုံးပြုလျက်ရှိပါသည်။
တောလှေဆိပ်ကွန်ကရစ်ဆိပ်ခံတံတားတည်ဆောက်ခြင်းလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုအရ ၂၀၁၇-၁၈ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်ကွက်အရှေ့ဖက် မြိတ်မြစ်အကြား ကမ်းနားမြေပေါ်တွင် တနင်္သာရီမြစ်အ တွင်းမှကျေးရွာ(၁၀)ရွာ၊ ပင်လယ်ပိုင်းကျေးရွာ(၃)ရွာ၊ ကျွန်းစုမြို့နယ်မှကျေးရွာ(၁၀)ရွာ၊ စုစုပေါင်း(၂၃)ရွာတို့မှ ခရီးသည် နှင့် ကုန်သည်တင်လှေငယ်များဆို်က်ကပ်အသုံးပြုနိုင်ရန်အတွက် ဆိပ်ခံ(၁၂၀×၃၆)ပေ၊ ချဉ်းကပ်လမ်း (၄၀၈x၁၂)ပေရှိ သံကူကွန်ကရစ်ဆိပ်ခံတံတား(၁)စင်းကို တည်ဆောက်ပေးခဲ့ပြီးတနင်္သာရီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။
ရေနန်းသူဇာဘိလပ်မြေအသင့်ဖျော်စက်ရုံလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနတွင် (၂၃.၁.၂၀၁၇)ရက်နေ့့၌ မှတ်ပုံတင်သွင်း၍ စက်မှုမှတ်ပုံတင်အမှတ် ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံ တင်လက််မှတ် တန/ကြီး/ ၂၆၂ ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို ့နယ်၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်စက်မှု ဇုန်တွင် ရင်းနှီးမြုပ်နှံမှုတန်ဖိုးငွေကျပ်(၉၄၅.၅၇၂)သန်းဖြင့် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ SCG ၏ specification အတိုင်းလိုက်နာ၍ ရေချိုသဲ၊ စကျင်ခွဲကျောက်များကို အသုံးပြုကာ အာမခံဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ရေနန်းသူဇာဘိလပ်မြေအသင့်ဖျော်စက်ရုံလုပ်ငန်းနှင့် ကွန်ကရစ်ပိုင်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကို တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနတွင် (၂၀.၂.၂၀၁၈)ရက်နေ့့၌ မှတ်ပုံတင်သွင်း၍ စက်မှုမှတ်ပုံတင်အမှတ် ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံ တင်လက််မှတ် တန/ကြီး/၃၀၂ ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို ့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ လွတ်လွတ် ကျေးရွာ တွင် ရင်းနှီးမြုပ်နှံမှုတန်ဖိုးငွေကျပ်( ၁၁၀၃.၃၂ )သန်းဖြင့် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ကွန်ကရစ်ပိုင်တိုင်းအမျိုးအစား (၅)မျိုးကို အဓိကထားထုတ်လုပ်ပြီး ခြံစည်းရိုးတိုင်၊ လမ်းတံတားနှင့် အဆောက်အဦးအတွက် Customer များမှာယူလိုသည့် ပုံစံအတိုင်းလည်း ထုတ်လုပ်ရောင်းချပေးလျက်ရှိပါသည်။
ရေယာဉ်လွန်းကျင်းလုပ်ငန်းကို တည်ဆောက်လျက်ရှိပြီး ယခုအခါ ၈၀% ပြီးစီးသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဆောက်လုပ်ပြီးစီးပါက ငါးဖမ်းစက်လှေ အစီး (၈၀) ခန့်ကို တစ်ပြိုင်နက် ပြင်ဆင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
အေးစန္ဒာ ရေခဲစက်ရုံ ရေနန်းသူဇာရောင်းဝယ်ရေးကုမ္ပ္ပ္ပဏီလီမိတက် ရေခဲစက်ရုံလုပ်ငန်းကို (၉.၉.၂၀၀၀)ရက်နေ့တွင် မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်သွင်းခဲ့ပြီး စက်မှုမှတ်ပုံတင်အမှတ်၊ ပုဂ္ဂလိကစက်မှုလုပ်ငန် းမှတ်ပုံတင်လက်မှတ်၊ တန/ကြီး/၇၈ ဖြင့် တနေ့တန်(၂၀၀)ကျ ရေခဲစက်ရုံလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်စက်မှုဇုန်၌ စတင်လည်ပတ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းငါးဖမ်းစက်လှေများနှင့် အအေးခန်းများသို့ ရေခဲဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါသည်။ တစ်နေ့ထုတ်လုပ်နိုင်မှု တန် ( ၁၆၀ )ကို နေ့စဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
အေးစန္ဒာ ရေခဲချတံတားလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်နှင့် တစ်ဆက်တည်းတည်ရှိသော ဆိပ်ကမ်းနယ်နိမိတ်အတွင်း ကျရောက်လျက်ရှိသည့် တနင်္သာရီမြစ်ကမ်းနဖူးတွင် BOTစနစ်ဖြင့် ကွန်ကရစ်ဆိပ်ခံတံတားတစ်စင်းတည်ဆောက်ပြီး ရေနန်းသူဇာ(အေးစန္ဒာ)ရေခဲစက်ရုံ ရေခဲချတံတားအဖြစ် အသုံးပြုလျက်ရှိပါသည်။